ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် ယခုနှစ် စတော်ဘယ်ရီပေါ်စအချိန်၌ ဒေသခံတောင်သူများ ဈေးကောင်းရရှိနေသဖြင့် စိုက်ပျိုးစရိတ် မြင့်မားနေသော်လည်း တွက်ခြေကိုက်လျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် စတော်ဘယ်ရီသီး (၇၀) ကျပ်သားပါ ပုံးတစ်ပုံးလျှင် ကျပ် ၁၇,၀၀၀ မှ တစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးရရှိနေပြီး၊ ယင်းသို့ဈေးကောင်းရခြင်းမှာ သွင်းအားစုစရိတ်ကြီးမား၍ စိုက်ပျိုးသူနည်းပါးခြင်းနှင့် ပေါ်ဦးပေါ်ဖျား အထွက်နှုန်းနည်းနေခြင်းတို့ကြောင့်ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ ပွဲစားများက ခြံအရောက် လာရောက်ဝယ်ယူလျက်ရှိသည်။ အဆိုပါဒေသများတွင် ယခင်က သနပ်ဖက်ကို အဓိကစိုက်ပျိုးခဲ့သော်လည်း ဈေးကွက်မကောင်းတော့သဖြင့် ဂျပန်အကျွတ်သီးနှင့် ဒေသထွက်အချဉ်သီး စတော်ဘယ်ရီအမျိုးအစားများကို အစားထိုးစိုက်ပျိုးသူ ပိုမိုများပြားလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 45 | 0 | 0 | 0 |


