back

ရှမ်းမြောက် နမ့်ခမ်း မန်ပူးရွာအကျော်မှာ ကားတစ်စီး တိမ်းမှောက်ပြီး ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

Feb 09 • 4:08 AM

breaking-news

Myanmar

Shan

cover

ရှမ်းမြောက် နမ့်ခမ်း မန်ပူးရွာအကျော်မှာ ကားတစ်စီး တိမ်းမှောက်ပြီး ၁ ဦးသေ ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအကျော်မှာ ပါဂျရိုကားတစ်စီး ဘရိတ်ပေါက်ရာကနေ တိမ်းမှောက်ပြီး ကားမောင်းသူ အမျိုးသားတစ်ဦး သေဆုံးပြီးတော့ နောက်ထပ် အမျိုးသာ...

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာအကျော်မှာ ပါဂျရိုကားတစ်စီး ဘရိတ်ပေါက်ရာကနေ တိမ်းမှောက်ပြီး ကားမောင်းသူ အမျိုးသားတစ်ဦး သေဆုံးပြီးတော့ နောက်ထပ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။မနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ အထက်ပန်ယုတ်ရွာကနေ မီးသွေးအိတ် ၆၀ အိတ် တင်လာတဲ့ ပါဂျရိုကားတစ်စီးဟာ မန်ပူးရွာအကျော်က ကုန်းအဆင်းမှာ ဘရိတ်ပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက "ရွာကနေ နမ့်ခမ်းဘက် တက်သွားတာ။ နမ့်ခမ်းမှာ မီးသွေးရောင်းဖို့ သွားတာ။ လမ်းမှာ ဘရိတ်ပေါက်သွားတာ" လို့ ပြောပါတယ်။ကား တိမ်းမှောက်မှုကြောင့် ကားမောင်းသူ အသက် ၂၄ နှစ်အရွယ် မောင်သန်းထွန်းဆိုသူ ပွဲချင်းပြီး သေဆုံးသွားပြီးတော့ အသက် ၁၇ နှစ်အရွယ် မောင်မင်းခန့်စည်သူဟာ ဒဏ်ရာ ရရှိခဲ့ပါတယ်။

news-view-count-icon

85