ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပသော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ၏ ပါတီဖြစ်သော Bhumjaithai ပါတီက ဦးဆောင်နေကြောင်း ထိုင်းသတင်းဌာနများအရ သိရသည်။ယနေ့ ည ၇ နာရီခွဲအချိန်အထိ မဲရေတွက်မှု ရလဒ်အရ Bhumjaithai ပါတီက အမတ်နေရာ ၁၀၀ ဖြင့် ပထမနေရာမှ ဦးဆောင်နေသည်။ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခကို အခြေခံ၍ အချုပ်အခြာအာဏာကို တည်မြဲစေရန် မဲဆွယ်စည်းရုံးခဲ့သော Bhumjaithai ပါတီက နယ်စပ်နေရာအများစုတွင် ဦးဆောင်အနိုင်ရရှိနေခြင်းဖြစ်သည်။
ပြည်သူ့ပါတီသည် ဘန်ကောက်နှင့် ချင်းမိုင်တွင် အများစု အနိုင်ရရှိထားသည်။ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ တည်ထောင်ထားသော Pheu Thai ပါတီက အမတ်နေရာ ၅၁ ကျော်ဖြင့် တတိယနေရာက ဦးဆောင်နေသည်။



