back

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးထိုးကျကာ ဓာတ်တိုင် တိုက်မိ၊ နှစ်ဦးသေဆုံး

Feb 08 • 3:08 PM

breaking-news

Myanmar

Mon

cover

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးထိုးကျကာ ဓာတ်တိုင် တိုက်မိ၊ နှစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးထိုးကျကာ ဓာတ်တိုင်တို...

ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးထိုးကျကာ ဓာတ်တိုင်တိုက်မိပြီး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ယဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသည့် ဒေါ်မဆွေနှင့် ဒေါ်တင်နုဆိုသူ အမျိုးသမီးနှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြကြောင်း သိရသည်။ယင်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး သိမ်ဆိပ်ရဲစခန်းတွင် သုံးဘီးဆိုင်ကယ် တိမ်းမှောက်လူ‌သေဆုံးဖြစ်စဉ်အား အမှုဖွင့်အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။



news-view-count-icon

19