၂၀၂၇ အာရှဖလားခြေစစ်ပွဲ အုပ်စုလက်ကျန်နှစ်ပွဲ ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ ပဏာမကစားသမား ၄၄ ဦး စာရင်းကို ဘောလုံးအဖွဲချုပ်က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုလက်ကျန်နှစ်ပွဲအဖြစ် မတ်လ ၂၆ မှာ အာဖဂန်နစ္စတန်အသင်း၊ မတ်လ ၃၁ ရက်မှာ ပါကစ္စတန်အသင်းတို့နဲ့ အဝေးကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာပါ။မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ် လေးပွဲ ကစားအပြီးမှာ ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပြီး ဆီးရီးယားက ရမှတ် ၁၅ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။ အာရှဖလားခြေစစ်ပွဲ နောက်တဆင့်ကို အုပ်စုပထမတစ်သင်းသာ တက်ရောက်မှာ ဖြစ်လို မြန်မာအသင်းအနေနဲ့ အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပဏာမ ကစားသမား စာရင်းမှာ-
ဂိုး - ဆန်းဆက်နိုင်၊ နေလင်းထက်၊ ဇင်ညီညီအောင်၊ ခန့်မင်းသန့်၊ အောင်ကိုလတ်
နောက်တန်း - ဟိန်းဖြိုးဝင်း၊ အောင်၀ဏ္ဏစိုး၊ သီဟထက်အောင်၊ ဇွဲခန့်မင်း၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ ကောင်းထက်ပိုင်၊ ဆင်မြူရယ်နိုင်ကီး၊ ဖြိုးပြည့်စုံ၊ မြတ်ဘုန်းခန့်၊ အောင်ထွန်းထွန်း၊ စိုးမိုးကျော်၊ နန္ဒကျော်အလယ်တန်း - ဝေလင်းအောင်၊ ရှိင်း၀ဏ္ဏအောင်၊ ဥက္ကာနိုင်၊ အောင်မျိုးခန့်၊ ဇော်ဝင်းသိန်း၊ စိုးမင်းဦး၊ စွမ်းထက်၊ ရဲရင့်ဖြိုး၊ အောင်နိုင်ဝင်း၊ မင်းမော်ဦး၊ လွင်မိုးအောင်၊ ကျော်မင်းဦး၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ ခွန်ကျော်ဇင်ဟိန်း၊ သီဟဇော်၊ မိုးဆွေ၊ အောင်သီဟ၊ ရဲရင့်အောင်ရှေ့တန်း - ဝင်းနိုင်ထွန်း၊ သန်းတိုးအောင်၊ သန်းပိုင်၊ ရန်ကျော်ထွေး၊ ပြည့်စုံအောင်၊ ပြည်မိုးတို့ပါဝင်ပါတယ်။



