back

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုမည်

Feb 08 • 8:06 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုမည်

နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏကိုတိုးမြှင့်စေရေးအတွက် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုရန် မြန်မာ-ထိုင...

နိုင်ငံတကာကုန်စည်ပို့ဆောင်မှုပမာဏကိုတိုးမြှင့်စေရေးအတွက် မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းကို Transit လမ်းကြောင်းအဖြစ်အသုံးပြုရန် မြန်မာ-ထိုင်းနှစ်နိုင်ငံတာဝန်ရှိသူများ ဖေဖော်ဝါရီ ၆ ရက်က တာချီလိတ်မြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံ စိုက် ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာန၊ အမျိုးသားစိုက် ပျိုးရေးကုန်စည်နှင့် စားနပ်ရိက္ခာစံချိန်စံညွှန်းဗျူရိုအကြံပေးတို့မှ တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့ရှိ R3B route ၏ အစိတ်အပိုင်းဖြစ်သော မယ်ဆိုင်-တာချီလိတ်-ကျိုင်းတုံ-တာဖျင်-မိုင်းလား လမ်းကြောင်းအသုံးပြု၍ ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့ရာတွင် သတ်မှတ်ထားသည့်အပင်ပိုးမွှားရောဂါကင်းရှင်းရေး စစ်ဆေးမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီတင်သွင်းနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။


news-view-count-icon

52