back

ချယ်လ်ဆီး၏ ပရီးမီးယားလိဂ်သမိုင်းတွင် ဟက်ထရစ်အများဆုံးကစားသမားအဖြစ် ကိုးလ်ပါလ်မာ မှတ်တိုင်သစ်စိုက်ထူ

Feb 08 • 5:06 AM

breaking-news

Myanmar

International

cover

ချယ်လ်ဆီး၏ ပရီးမီးယားလိဂ်သမိုင်းတွင် ဟက်ထရစ်အများဆုံးကစားသမားအဖြစ် ကိုးလ်ပါလ်မာ မှတ်တိုင်သစ်စိုက်ထူ

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ (Cole Palmer) သည် ဝုလ်ဗ်အသင်းနှင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် အသင်း၏ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်...

ချယ်လ်ဆီးအသင်း၏ တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာ (Cole Palmer) သည် ဝုလ်ဗ်အသင်းနှင့်ပွဲစဉ်တွင် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် အသင်း၏ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးရရှိသူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့သည်။ ပါလ်မာသည် ပွဲကစားချိန် ၁၃ မိနစ်၊ ၃၅ မိနစ် (ပယ်နယ်တီများ) နှင့် ၃၈ မိနစ်တို့တွင် ဂိုးများသွင်းယူကာ ဟက်ထရစ်ရရှိခဲ့ခြင်းဖြစ်သည်။၎င်းသည် ချယ်လ်ဆီးအသင်းအတွက် စတုတ္ထမြောက် ပရီးမီးယားလိဂ်ဟက်ထရစ်ဖြစ်ပြီး ပါလ်မာသည် ပရီးမီးယားလိဂ်သမိုင်းတွင် ပထမပိုင်းအတွင်း ဟက်ထရစ် (၃) ကြိမ်ရရှိသည့် ပထမဆုံးသော ကစားသမားလည်း ဖြစ်လာခဲ့သည်။ ၎င်း၏ ယခုဟက်ထရစ်သည် (၃၈) မိနစ်အတွင်း ရရှိခဲ့ခြင်းဖြစ်၍ ပြိုင်ပွဲသမိုင်းတွင် တတိယအမြန်ဆုံးဖြစ်ပြီး၊ ပထမနှင့် ဒုတိယအမြန်ဆုံးစံချိန်များကိုလည်း ပါလ်မာကိုယ်တိုင်ကပင် အဲဗာတန် (၂၉ မိနစ်) နှင့် ဘရိုက်တန် (၃၁ မိနစ်) တို့နှင့်ပွဲများတွင် တင်ထားခဲ့ခြင်းဖြစ်သည်။ ဤပွဲအပြီးတွင် ပါလ်မာသည် ချယ်လ်ဆီးအသင်းအတွက် စုစုပေါင်းသွင်းဂိုး ၅၁ ဂိုး အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

19