မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်တွင် ဖေဖော်ဝါရီ ၇ ရက်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်များမီးလေ-ာင်မှုဖြစ်ပွား၍ သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့်ငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသ-တ်ခဲ့သော်လည်း မီးထိန်းနိုင်ခြင်းမရှိဘဲ ဆက်လက်လေ-ာင်ကျွမ်းနေသဖြင့် မွန်းတည့် ၁၂ နာရီ ၅၆ မိနစ်တွင် Level 2 အဆင့်ဖြင့်ငြှိမ်းသ-တ်ခဲ့ကြ၍ နေ့လည် ၁ နာရီ ၁၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။မီးစတင်လေ-ာင်ကျွမ်းရသည့်အကြောင်းရင်းအား သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများကစစ်ဆေးရာ နေ အိမ်တစ်အိမ်၌ မွှေ့ယာပေါ်တွင် ဖုန်းအားသွင်းထားရာမှ စတင်လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလေ-ာင်မှုကြောင့် နေအိမ်(၁၆)လုံးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလေ-ာင်ပျ-က်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ၌နေထိုင်သော မီးဘေးသင့်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။



