၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် "ပန်းမြိုင်လယ်မှဥယျာဉ်မှူး" ဇာတ်ကားဖြင့် ဆုရရှိခဲ့သည့် သရုပ်ဆောင် မြင့်မြတ်က ယခုနှစ်သည် ဇာတ်ကားကောင်းများစွာဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သော်လည်း မိမိတို့ညီအစ်ကိုများ ပူးပေါင်းကြိုးစားမှုအား အသိအမှတ်ပြုခံရသည့်အတွက် အတိုင်းထက်အလွန် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ရှေ့ဆက်၍လည်း ကောင်းမွန်သည့် ဖန်တီးမှုများကို အတူတကွ လက်တွဲလုပ်ဆောင်သွားရန် ရှိကြောင်းနှင့် ပရိသတ်များအတွက် အကောင်းဆုံးဇာတ်ကားများ တင်ဆက်နိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်း၏ ရင်ခုန်သံစကားများကို ထည့်သွင်းပြောဆိုသွားခဲ့ပါသည်။
ဇာတ်ကားကောင်းများစွာကြားမှ "ပန်းမြိုင်လယ်မှဥယျာဉ်မှူး" ဇာတ်ကားဖြင့် အကယ်ဒမီရရှိ၍ ပျော်ရွှင်ရကြောင်း မြင့်မြတ် ပြောကြား
Feb 08 • 3:20 AM
Myanmar
Naypyidaw
Share
| 383 | 0 | 0 | 0 |


