ကိုလံဘီယာလက်ရွေးစင် တိုက်စစ်ကစားသမား ဟာမီးစ်ရိုဒရီဂွက်ဇ် (၃၄ နှစ်) သည် မေဂျာလိဂ် (MLS) ကလပ် မင်နီဆိုးတားယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏စာချုပ်မှာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်အထိ သက်တမ်းရှိကာ ယခုနှစ်ဒီဇင်ဘာလကုန်အထိ ထပ်မံတိုးခွင့်ပါဝင်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မက္ကဆီကိုကလပ် လီယွန်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ဟာမီးစ်သည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ကလပ်အသင်းအဆင့်တွင် ရုန်းကန်ခဲ့ရသော်လည်း လက်ရွေးစင်အသင်းအတွက်မူ ၁၂၂ ပွဲတွင် ၃၁ ဂိုးအထိ သွင်းယူပေးထားသည့် အဓိကကစားသမားဖြစ်ပြီး လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားတွင်လည်း ကိုလံဘီယာအသင်းကို ဆက်လက်ဦးဆောင်သွားမည်ဖြစ်ပါသည်။
Feb 08 • 3:19 AM
Myanmar
International
Share
| 33 | 0 | 0 | 0 |


