Ferrari ကုမ္ပဏီ၏ ပထမဆုံး လျှပ်စစ်ကား (EV) ဖြစ်သည့် Luce ကို ကယ်လီဖိုးနီးယားတွင် ကျင်းပသော RM Sotheby's ပရဟိတ လေလံပွဲ၌ ပုံမှန်ပေါက်ဈေးထက် ၃၅ ဆကျော် ပိုမိုသော ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး ရရှိလာသည့် ငွေကြေးများကို ပညာရေးအစီအစဉ်များအတွက် လှူဒါန်းသွားမည်ဖြစ်သည်။ Apple ဒီဇိုင်နာဟောင်း ဆာ ဂျိုနီအိုက်ဗ် ဒီဇိုင်းဆွဲထားသည့် အဆိုပါ ၅ ထိုင်ခုံပါ ဘက်ထရီစွမ်းအင်သုံး Luce ကားမှာ ဖာရာရီ၏ ရိုးရာဝိသေသပုံစံများနှင့် သွေဖည်နေသည်ဟု ဝေဖန်မှုများ ရှိခဲ့သော်လည်း တရုတ်နိုင်ငံ၏ အားကောင်းသော ဝယ်လိုအားကြောင့် ယခုနှစ် သတ်မှတ်ရောင်းအား ပြည့်မီသွားပြီ ဖြစ်ကြောင်း သိရသည်။

