တရုတ်နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ပါက Manual ED စနစ်အသုံးပြုသည့် ကံပိုင်တည်နှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ ပို့ကုန်အချက်အလက်များကို ဗဟိုဘဏ်စနစ်အတွင်း ထည့်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင်ရန် ဩဂုတ်လ ၁၀ ရက်စွဲပါ ညွှန်ကြားစာတစ်စောင် ထွက်ပေါ်လာကြောင်း သိရသည်။ အဆိုပါ ညွှန်ကြားချက်အရ ပို့ကုန်ရငွေ စာရင်းများကို မှန်ကန်စွာ ဖြည့်သွင်း၍ ဗဟိုဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အထူးအလေးထား ညွှန်ကြားထားပြီး၊ လေ့လာသူများသည် မူဆယ်၊ လားရှိုးနှင့် မန္တလေး လမ်းပိုင်းများ၌ ကုန်သွယ်ရေးစခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ဖော်ပြထားသည်။
တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက အကောက်ခွန်ဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် ညွှန်ကြားစာထွက်ပေါ်
4 h ago • 1:49 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 0 | 0 | 0 | 0 |


