၁၉၉၈ ခုနှစ် NBA ဖိုင်နယ် ပွဲစဉ် (၃) တွင် အမေရိကန် ဘတ်စကက်ဘော ဂန္ထဝင် မိုက်ကယ်ဂျော်ဒန် ဝတ်ဆင်ကစားခဲ့သည့် ချီကာဂိုဘူးလ်အသင်း၏ ကျောနံပါတ် (၂၃) အင်္ကျီကို လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့ လေလံပွဲ၌ ရောင်းချသွားမည် ဖြစ်သည်။ အဆိုပါ ဖိုင်နယ် ပွဲစဉ် (၁) အင်္ကျီမှာ ၂၀၂၂ ခုနှစ်က ဒေါ်လာ ၁၀.၁ သန်း ရရှိခဲ့ဖူးသဖြင့် ယခု ပွဲစဉ် (၃) အင်္ကျီကိုလည်း အနည်းဆုံး ဒေါ်လာ ၁၀ သန်းခန့် ရရှိရန် မျှော်လင့်ထားကြသည်။ ချီကာဂိုဘူးလ်အသင်းနှင့်အတူ ချန်ပီယံဆု ၆ ကြိမ် ရယူခဲ့သူ ဂျော်ဒန်သည် ၁၉၉၈ ဖိုင်နယ်အပြီးတွင် ကစားသမားဘဝမှ အနားယူခဲ့သော်လည်း နောက်ပိုင်း၌ ဝါရှင်တန်ဝိဇာဒ်အသင်းတွင် ပြန်လည်ပါဝင်ကစားခဲ့ပြီးနောက် အပြီးသတ် အနားယူခဲ့ကြောင်း သိရသည်။
4 h ago • 1:48 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 0 | 0 | 0 | 0 |


