အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) သည် ဝက်များကိုသာ ကူးစက်သည့် ဗိုင်းရပ်စ်ရောဂါဖြစ်ပြီး လူသားများကို လုံးဝမကူးစက်နိုင်သလို စားသုံးမိပါကလည်း ကျန်းမာရေးကို တိုက်ရိုက်မထိခိုက်နိုင်ကြောင်း၊ သို့သော် ရောဂါရရှိထားသော ဝက်သားများတွင် အခြား ဘက်တီးရီးယားများ ပါဝင်နိုင်သဖြင့် သန့်ရှင်းလတ်ဆတ်သော အသားများကိုသာ အနည်းဆုံး ရေနွေးဆူအပူချိန် 70°C နှင့်အထက် လုံလောက်စွာ ပေး၍ ကျက်အောင် ချက်ပြုတ်စားသုံးကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဩဂုတ်လ ၁၈ ရက်တွင် အသိပေး နှိုးဆော်ထားသည်။ သက်ဆိုင်ရာ ဌာနများအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှု ကွင်းဆက်တစ်လျှောက် ကျန်းမာရေး စစ်ဆေးမှုများကို ကြပ်မတ် လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် အခြေအမြစ်မရှိသော ကောလာဟလများကို မယုံကြည်ကြရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။
အာဖရိက ဝက်အပြင်းဖျားရောဂါ (ASF) နှင့်ပတ်သက်၍ သိရှိလိုက်နာရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အသိပေးနှိုးဆော်
5 h ago • 1:43 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 1 | 0 | 0 | 0 |


