ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ၊ နမ့်ပန်ကျေးရွာတွင် ဩဂုတ်လ ၁၅ ရက် နမ့်ပန်ဈေးနေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် စက်လှေများကို လိုင်စင်စစ်ဆေးမည်ဟုဆိုကာ စက်လှေဂေါက်တံများ ဖြုတ်ယူသိမ်းဆည်းပြီး တစ်ချောင်းလျှင် ကျပ် ၂၅,၀၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့သဖြင့် ဈေးသည်များနှင့် ဝယ်ယူသူများ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ရေလမ်းကြောင်းကို အဓိက အားထားနေရသည့် အင်းလေးဒေသတွင် ယခုကဲ့သို့ စက်လှေဂေါက်တံများ သိမ်းဆည်းခံရမှုကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်ကာ ဈေးနေ့၌ ပုံမှန်ထက်စော၍ လူသူကင်းမဲ့သွားခဲ့ပြီး၊ ကုန်ဈေးနှုန်း မြင့်တက်နေသည့် ကာလအတွင်း ဒေသတွင်း သွားလာရေးနှင့် ကုန်သွယ်ရေးကို ပိုမိုထိခိုက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။
6 h ago • 1:39 PM
မြန်မာ
ရှမ်း
မျှဝေမည်
| 0 | 0 | 0 | 0 |


