back

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ MPT က ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်ပေး

4 h ago • 1:33 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ MPT က ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အပြင် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်တို့တွင် ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် ပညာရေး၊ ကျန်းမာရ...

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့အပြင် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့နယ်တို့တွင် ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဆက်သွယ်ရေးနှင့် အင်တာနက် ဝန်ဆောင်မှုများကို တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ တိုးမြှင့်ရာတွင် လဟယ်မြို့၌ အသုံးပြုနေသည့် ၁.၂ မီတာရှိ ဂြိုဟ်တုစနစ်မှ ဝပ်အားပိုမိုကြီးမားသော ၂.၄ မီတာရှိ C-Band ဂြိုဟ်တုစနစ်သို့ ဩဂုတ်လ ၁၂ ရက်နေ့က ပြောင်းလဲတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

0