back

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များနှင့် လက်နှိပ်တွင်းများအား ကလိုရင်း ခတ်ပေး

6 h ago • 11:03 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်များနှင့် လက်နှိပ်တွင်းများအား ကလိုရင်း ခတ်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း အိမ်ခြေ ၁၈၄ အိမ်ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်နှင့် လက်နှိပ်တွင်း ...

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်စဉ်အတွင်း အိမ်ခြေ ၁၈၄ အိမ်ရှိ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော ရေတွင်း၊ ရေကန်နှင့် လက်နှိပ်တွင်း ၄၈ တွင်းတို့အား စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဩဂုတ်လ ၁၇ ရက်နေ့တွင် ကလိုရင်း ခတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်မှုသည် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်ရန်နှင့် သောက်သုံးရေ သန့်ရှင်းစိတ်ချရမှု ရှိစေရန်အတွက်ဖြစ်ပြီး ရေသန့်ဆေးပြားများ ဝေငှခြင်း၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ကူးစက်ရောဂါ၊ မြွေအန္တရာယ်ဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှုများကိုပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

4