back

ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများအတွက် ထပ်ဆောင်းတန်ဖိုး နှင့် ရှားပါးအနုပညာလက်ရာ တန်ဖိုးများပါ ထည့်သွင်းချီးမြှင့်နိုင်ရေး ဆွေးနွေး

7 h ago • 10:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံသူများအတွက် ထပ်ဆောင်းတန်ဖိုး နှင့် ရှားပါးအနုပညာလက်ရာ တန်ဖိုးများပါ ထည့်သွင်းချီးမြှင့်နိုင်ရေး ဆွေးနွေး

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသူများအတွက် ချီးမြှင့်သည့် ဆုကြေးငွေ နှုန်းထားများကို လက်ရှိခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြင်ဆင် တိုးမြှင့်နိ...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်သို့ အပ်နှံသူများအတွက် ချီးမြှင့်သည့် ဆုကြေးငွေ နှုန်းထားများကို လက်ရှိခေတ်နှင့် လျော်ညီစွာ ပြန်လည်ပြင်ဆင် တိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရန်ကုန်ဌာနခွဲ) ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်နှင့် ပညာရှင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိ ချီးမြှင့်နေသည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုးနှင့် ခေတ်လက်ရာ တန်ဖိုးများအပြင် ထပ်ဆောင်းတန်ဖိုးနှင့် ရှားပါးအနုပညာ လက်ရာတန်ဖိုးများကိုပါ ထည့်သွင်း ချီးမြှင့်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

1