မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကို အကြောင်းပြကာ စားသုံးသူပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေရန်နှင့် သိုလှောင်ထားသည့် ဆန်စပါးများကို သင့်တင့်မျှတသော ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က သတိပေးလိုက်သည်။ ထို့ပြင် ဆန်စက်များ၊ ကုမ္ပဏီများ၊ ဆန်ကုန်သည်များနှင့် လက်လီလက်ကားရောင်းချသူများအနေဖြင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်ဖြင့် ရောင်းချပေးကြရန် မေတ္တာရပ်ခံထားပြီး ပြည်သူများအတွက် ပေါ်ဆန်းနှင့် ဧည့်မထဆန်များကို သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
8 h ago • 9:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 4 | 0 | 0 | 0 |


