back

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ် (၂) ဈေးကို ပြန်လည်မွမ်းမံတည်ဆောက်ပေးရန် ဒေသခံများ တောင်းဆို

11 h ago • 6:48 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ် (၂) ဈေးကို ပြန်လည်မွမ်းမံတည်ဆောက်ပေးရန် ဒေသခံများ တောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ် (၂) ဈေး (ဒေသအခေါ် စျေးသစ်) ၏ အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများကို ပြန်လည်မွမ်းမံတည်ဆောက်ပေးရန် ဒေသခံများနှင့် ဈေး...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အမှတ် (၂) ဈေး (ဒေသအခေါ် စျေးသစ်) ၏ အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများကို ပြန်လည်မွမ်းမံတည်ဆောက်ပေးရန် ဒေသခံများနှင့် ဈေးသူ၊ ဈေးသားများက တောင်းဆိုထားကြောင်း သိရသည်။လက်ရှိတွင် အဆိုပါ ဈေး၏ အဆောက်အအုံများမှာ ဟောင်းနွမ်းပျက်စီးနေပြီး ကမ်းနားလမ်းဘက်ရှိ အိမ်သာများနှင့် ပတ်ဝန်းကျင် နေရာများ၌ သန့်ရှင်းရေးစနစ် အားနည်းမှုကြောင့် အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ဈေးဝယ်ပြည်သူများအတွက် အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည်။သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမှတ် (၂) ဈေး၏ အဆောက်အအုံများ၊ ရေဆိုးထုတ်စနစ်၊ အိမ်သာ၊ လမ်းကြားများနှင့် သန့်ရှင်းရေးစနစ်များကို စနစ်တကျ ပြန်လည်မွမ်းမံ တည်ဆောက်ပေးစေလိုကြောင်း ဒေသခံများက ပြောဆိုထားသည်။

news-view-count-icon

3