ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာ ကာလအတွင်း မြန်မာနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု စုစုပေါင်း ပမာဏမှာ ဘတ် ၉၂ ဒသမ ၇၃ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။အဆိုပါ ၆ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့၊ သတ္တုရိုင်း၊ သီးနှံနှင့် ရေထွက်ပစ္စည်းများကို အဓိကထား၍ ဘတ် ၃၅ ဒသမ ၅၆ ဘီလီယံဖိုး တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ မိုဘိုင်းဖုန်း၊ ဒီဇယ်ဆီနှင့် စိုက်ပျိုးရေးအခြေခံ စက်မှုထုတ်ကုန်များကို အဓိကထား၍ ဘတ် ၅၇ ဒသမ ၁၇ ဘီလီယံဖိုး ပြန်လည် တင်သွင်းခဲ့သည်။ လာမည့် ၂၀၃၂ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ရည်မှန်းထားသည်။ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ဝန်ကြီးအဆင့် ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ၍ ပြန်လည်စတင်ရန် စီစဉ်နေသည်။ အဆိုပါ အစည်းအဝေးတွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားရေးတို့အပြင် သွင်းကုန်လိုင်စင် စည်းမျဉ်းများ ဖြေလျှော့ရေးနှင့် ကြန့်ကြာမှုများ လျှော့ချရေးတို့ကို ထိုင်းဘက်မှ ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်သည်။
14 h ago • 4:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


