မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ပုပ္ပါးနယ်မြေသို့ လာရောက်မည့် ခရီးသွားများနှင့် ဘုရားဖူးပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံစိတ်ချရမှု ရှိမရှိနှင့် နယ်မြေ အခြေအနေများကို ကြိုတင် စုံစမ်းလေ့လာပြီးမှသာ လာရောက်ကြရန် ဒေသခံများက သတိပေး ပြောဆိုထားသည်။ပုပ္ပါးတောင်နှင့် အနီးဝန်းကျင် ကျေးရွာများတွင် လာမည့် စက်တင်ဘာ ၂၈ ရက် (တော်သလင်းလပြည့်ကျော် ၂ ရက်) ၌ ကျင်းပမည်ဖြစ်သော အဘထွက်ပွဲ (ဘိုးတော်အောင်မင်းခေါင်နှင့် သက်ဆိုင်သည့် ယုံကြည်မှုဆိုင်ရာ ဘာသာရေးပွဲ) အတွက် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များနှင့် ဒေသခံများက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။ အဆိုပါ ဘာသာရေးပွဲသို့ နှစ်စဉ် အနယ်နယ်အရပ်ရပ်မှ ယုံကြည်သူ တစ်သိန်းထက်မနည်း လာရောက်လေ့ ရှိသည်။သို့သော် ပုပ္ပါးနယ်မြေနှင့် ထိစပ်နေသည့် ပုဂံညောင်ဦး ဒေသ၌ လုယက် ဓါးပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှု ဖြစ်စဉ်များအပြင် ဩဂုတ် ၅ ရက်ကလည်း စာသင်ကျောင်းတစ်ခုအတွင်း သို့ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။ သို့ဖြစ်ရာ ခရီးသွားများအနေဖြင့် အန္တရာယ်ကင်းရှင်းရေးအတွက် ဒေသခံများနှင့် ဆက်သွယ် မေးမြန်းခြင်း သို့မဟုတ် သတင်းများ ကြိုတင် စေ့စပ် စုံစမ်းပြီးမှသာ လာရောက်ကြရန် ဒေသခံ သတင်းအရင်းအမြစ်များက တိုက်တွန်းထားသည်။
မန္တလေးတိုင်း၊ ပုပ္ပါးဒေသသို့ လာရောက်မည့် ဘုရားဖူးခရီးသွားများ လမ်းခရီး အခြေအနေများ ကြိုတင်စုံစမ်းကြရန် ဒေသခံများ သတိပေး
15 h ago • 4:25 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 5 | 0 | 0 | 0 |


