ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTC) က YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံမည့် ထုတ်ပြန်ချက်ကို ပြန်လည်ပယ်ဖျက်လိုက်သော်လည်း ပြင်ပတွင် ထိုသတင်းဂယက်ကြောင့် ကြားကားခများနှင့် စားသောက်ကုန်ဈေးနှုန်းများ တက်သွားခဲ့ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။YRTC က စက်တင်ဘာ ၁ ရက်မှစ၍ မြို့တွင်းပတ် ယာဉ်လိုင်းများကို မူလကျပ် ၂၀၀ မှ ကျပ် ၃၀၀ သို့လည်းကောင်း၊ ကျပ် ၄၀၀ သတ်မှတ်ထားသည့် ယာဉ်လိုင်းများကို ကျပ် ၆၀၀ သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဟု ဩဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ချက်အပေါ် ပြည်သူများ၏ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် ဩဂုတ် ၁၆ ရက်တွင် YRTC က အဆိုပါ ယာဉ်စီးခ တိုးမြှင့်မည့် ကြေညာချက်ကို ပြန်လည်ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့သည်။သို့သော် ယင်းသတင်း ထွက်ပေါ်ခဲ့သည့် တစ်ရက်တာ ကာလအတွင်း ပြင်ပတွင် ကြားကားများ၏ မြို့တွင်း စီးနင်းခမှာ တစ်ဦးလျှင် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ အထိ၊ ဘေးတွဲဆိုင်ကယ် ခရီးစဉ်ခမှာ ကျပ် ၃,၀၀၀ အထိ ဈေးနှုန်းများ တက်သွားခဲ့သည်။ထို့ပြင် ဆန်နှင့် အခြား စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းများပါ ဈေးနှုန်း အသီးသီး လိုက်ပါမြင့်တက်ခဲ့ရာ YBS ယာဉ်စီးခ တိုးမြှင့်မှုကို ပြန်လည်ပယ်ဖျက်လိုက်သော်လည်း တက်သွားသည့် ပြင်ပ ကုန်ဈေးနှုန်းနှင့် ကားခများမှာ ပြန်လည်ကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။
YBS ယာဉ်စီးခ တိုးမြှင့်ကောက်ခံမည့် သတင်း တစ်ရက်အကြာ ရုတ်သိမ်းလိုက်ပေမဲ့ ၎င်းဂယက်ကြောင့် ကြားကားနှင့် စားသောက်ကုန်ဈေးနှုန်းများ တက်လာနေ
17 h ago • 3:43 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


