ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးပွိုင့်များနှင့် လမ်းဆုံလမ်းခွများတွင် တောင်းရမ်းစားသောက်သူများနှင့် ဈေးရောင်းချသူ ၄,၃၇၁ ဦးကို ၂၀၂၂ ခုနှစ် မတ်လမှ ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်အထိ ၄ နှစ်ကျော်ကာလအတွင်း ဖမ်းဆီးအရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားလိုက်သည်။ မီးပွိုင့်များနှင့် လမ်းဆုံလမ်းခွများ၌ တောင်းရမ်းသူများနှင့် ဈေးရောင်းချသူများ ပပျောက်စေရန် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ ခုနှစ် မတ် ၁၄ ရက်မှစ၍ နေ့စဉ် ရှင်းလင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ တောင်းရမ်းသူနှင့် ဈေးရောင်းသူ ၁,၁၀၀ ကျော် ဖမ်းဆီးခဲ့ပြီး ၁၇ ဦးကို အမှုဖွင့် တရားစွဲဆိုခဲ့သည်။ ထို့အပြင် ခံဝန်လက်မှတ် ရေးထိုးသူ ၆၁၉ ဦး၊ သက်ဆိုင်ရာ လူငယ်သင်တန်းကျောင်းများသို့ ပို့အပ်သူ ၄၆ ဦးနှင့် မိဘအုပ်ထိန်းသူများထံ ခံဝန်ဖြင့် ပြန်လည်အပ်နှံသူ ၄၄၅ ဦး ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၌ မီးပွိုင့်နှင့် လမ်းဆုံလမ်းခွများတွင် တောင်းရမ်းသူနှင့် ဈေးရောင်းသူ ၄,၃၀၀ ကျော်အား ဖမ်းဆီးအရေးယူခဲ့
18 h ago • 3:18 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 10 | 0 | 0 | 0 |


