ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ လဟာပကျေးရွာတွင် ဩဂုတ် ၁၇ ရက် ည ၇ နာရီခန့်က ရေများ ရုတ်တရက် မြင့်တက်လာခဲ့သဖြင့် အိမ်ထောင်စု ၁၅ စုမှ ပြည်သူ ၁၅၀ ကျော် ရွာလုံးကျွတ် ပိတ်မိနေပြီး ရေနစ်မြုပ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူများ၏ ပြောဆိုချက်အရ သိရသည်။လက်ရှိတွင် အဆိုပါ ကျေးရွာသို့ ဒေသခံ လူမှုကူညီရေးအသင်းနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ စပီးဘုတ်များနှင့် မီးဆိုင်းများ ပါဝင်သော အဖွဲ့ဖြင့် အရေးပေါ် သွားရောက် ကူညီပေးနေသော်လည်း ညဘက်တွင် ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းကြောင့် အခက်အခဲများ ရှိနေပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လှေများ ထပ်မံ လိုအပ်လျက်ရှိသည်။ထို့ပြင် ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် လေးမျက်နှာမြို့နယ် အပါအဝင် ငါးသိုင်းချောင်း၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်များ၌ ရေကြီးရေလျှံမှုများ တစ်ကျော့ပြန် ဖြစ်ပွားနေပြီး လမ်းတံတားများ ရေကျော်ကာ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေရကြောင်း သိရသည်။
19 h ago • 3:16 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 6 | 0 | 0 | 0 |


