စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း ရက်ရှည် ရေနစ်မြုပ်နေသည့် မိုးစပါးစိုက်ဧက အများအပြားမှာ ပြန်လည်စိုက်ပျိုး၍ မရနိုင်တော့ဘဲ လုံးဝ ပျက်စီးဆုံးရှုံးသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့၌ မိုးစပါးစိုက်ခင်းများ ရေနစ်မြုပ်နေသည်မှာ ၁၅ ရက်ထက်မက ကြာမြင့်နေပြီဖြစ်သဖြင့် မိုးစပါးစိုက်ဧက သောင်းနှင့်ချီ ပျက်စီးလျက်ရှိသည်။ သက်ဆိုင်ရာ ဆန်စပါးအဖွဲ့ချုပ် (MRF) နှင့် တာဝန်ရှိသူများက ရေပြန်ကျပါက ပျက်စီးမှုနည်းသည့် အခင်းများအား ဓာတ်မြေဩဇာ ပံ့ပိုးပေးမည်ဖြစ်ပြီး လုံးဝပျက်စီးသွားသည့် စိုက်ခင်းများကို ပဲပုပ်အပါအဝင် အစားထိုးသီးနှံများ စိုက်ပျိုးနိုင်ရေး ကူညီပေးသွားမည်ဟု ဆိုသော်လည်း စိုက်ပျိုးချိန် နောက်ကျမည်ကို တောင်သူများက စိုးရိမ်နေကြသည်။အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ဝက်လက်၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ ဒီပဲယင်းနှင့် တန့်ဆည် အပါအဝင် မြို့နယ် ၁၀ ခုကျော်ရှိ ကျေးရွာပေါင်း ၂၀၀ ခန့်တွင် ဩဂုတ် ၆ ရက်မှစ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စပါးစိုက်ဧက သိန်းဂဏန်းနီးပါးအပြင် ပဲ၊ ငရုတ် စသည့် အဓိက သီးနှံများပါ နစ်မြုပ်ပျက်စီးခဲ့သဖြင့် ရှေ့လျှောက် အညာဒေသ၌ ဆန်နှင့် စိမ်းစားသီးနှံ လိုအပ်ချက်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။
စစ်ကိုင်းနှင့် ဧရာဝတီတိုင်းတို့၌ ရေနစ်နေသည့် မိုးစပါးစိုက်ဧကများစွာ ပြန်ရှင်ဖို့ မဖြစ်နိုင်တော့ဟုဆို
20 h ago • 2:59 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


