back

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပညာရေးဒီဂရီကောလိပ်အနီး၌ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

21 h ago • 2:47 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ပညာရေးဒီဂရီကောလိပ်အနီး၌ မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်အနီးတွင် ဩဂုတ် ၁၇ ရက် ည ၉ နာရီ ၃၉ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။သတင်းရရှိပြီး...

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်အနီးတွင် ဩဂုတ် ၁၇ ရက် ည ၉ နာရီ ၃၉ မိနစ်ခန့်က မော်တော်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။သတင်းရရှိပြီးနောက် ဘားအံခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅၄ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။မီးသတ်ဦးစီးဌာနအနေဖြင့် မီးလောင်မှုနှင့် အခြား ရုတ်တရက်ဖြစ်ပွားသော ဘေးအန္တရာယ်များ ကြုံတွေ့ပါက အရေးပေါ် ဖုန်းနံပါတ် ၁၉၁ သို့မဟုတ် သက်ဆိုင်ရာ ကွပ်ကဲရေးဖုန်းနံပါတ်များသို့ ဆက်သွယ် သတင်းပေးပို့ အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

4