AFC Women's Champions League 2026/27 (Preliminary Stage) အုပ်စု (F) ၏ ပထမဆုံး ပွဲစဉ်အဖြစ် စင်ကာပူကလပ် FC Jurong အသင်းအား ၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လိုချင်သည့် အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့သည့်အတွက် ဝမ်းသာမိကြောင်း ဧရာဝတီ အမျိုးသမီးအသင်း ခေါင်းဆောင် နော်ထက်ထက်ဝေက ပြောကြားခဲ့သည်။အဆိုပါ ပွဲစဉ်တွင် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့သည့် ဂျပန်ကစားသမား Yui Kasai ကလည်း အားပေးခဲ့ကြသည့် ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်းနှင့် ခြေစစ်ပွဲ အောင်မြင်အောင် ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အသင်း၌ သစ်စက်ရောက်ရှိလာသည့် ပြည်ပ ကစားသမားများနှင့် မြန်မာ ကစားသမားများအကြား အပြန်အလှန် အတွဲညီညီ ကစားနိုင်ခဲ့ကြောင်း အသင်း ကစားသမား ဖြူဖြူဝင်းက ပြောဆိုခဲ့သည်။ယင်းပွဲစဉ်တွင် ဧရာဝတီ အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးများကို ဝင်းသိင်္ဂီထွန်းက နှစ်ဂိုး၊ ဂျပန်ကစားသမား Yui Kasai နှင့် လင်းမြင့်မိုရ်တို့က တစ်ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
AFC Women's Champions League ခြေစစ်ပွဲတွင် လိုချင်သည့် အနိုင်ရလဒ် ရရှိခဲ့သဖြင့် ဝမ်းသာကြောင်း ဧရာဝတီအသင်းခေါင်းဆောင် နော်ထက်ထက်ဝေ ပြောကြား
20 h ago • 2:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


