မွန်ပြည်နယ်၊ သထုံမြို့၊ သထုံ-ဘားအံ ကားလမ်း၊ သုဓမ္မဝတီမြို့သစ်၊ နှင်းဆီလမ်းထိပ်တွင် ယမန်နေ့က လမ်းဘေး၌ ရပ်ထားသော Light Truck ယာဉ်အား Express ယာဉ်မှ မတော်တဆ ပွတ်တိုက်မိသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။အဆိုပါ ယာဉ်မတော်တဆမှုကြောင့် အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက မြေပြင် ရှေးဦးသူနာပြု စုဆောင်းပေးပြီးနောက် သထုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ထို့အပြင် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လမ်းကြောင်း ယာဉ်ပိတ်ဆို့မှု မရှိစေရေးအတွက် အဖြူရောင်နှလုံးသား အသင်းနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ သထုံ-ဘားအံ ကားလမ်း၌ ရပ်ထားသော Light Truck ယာဉ်အား Express ယာဉ်မှ ပွတ်တိုက်မိ၍ အမျိုးသား သုံးဦး ဒဏ်ရာရ
20 h ago • 2:07 AM
မြန်မာ
မွန်
မျှဝေမည်
| 7 | 0 | 0 | 0 |


