back

ယခုဘောလုံးရာသီဟာ ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်ဖွယ်ရှိကြောင်း ရော်နယ်ဒို ဖွင့်ဟ

19 h ago • 1:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ယခုဘောလုံးရာသီဟာ ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်ဖွယ်ရှိကြောင်း ရော်နယ်ဒို ဖွင့်ဟ

ယခု ဘောလုံးရာသီသည် မိမိ၏ ကစားသမားဘဝ နောက်ဆုံး ဘောလုံးရာသီ ဖြစ်ဖွယ်ရှိကြောင်း အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုက ဖွင့်ဟပြောကြား...

ယခု ဘောလုံးရာသီသည် မိမိ၏ ကစားသမားဘဝ နောက်ဆုံး ဘောလုံးရာသီ ဖြစ်ဖွယ်ရှိကြောင်း အသက် ၄၁ နှစ်အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရော်နယ်ဒိုက ဖွင့်ဟပြောကြားလိုက်သည်။စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်နှင့် လက်ရှိ အယ်နာဆာ အသင်းတို့တွင် အောင်မြင်မှုများစွာ ရယူခဲ့သည့် ရွှေဘောလုံး ၅ ကြိမ်ရှင် ရော်နယ်ဒိုက ယခုရာသီသည် ကစားသမားဘဝ၏ နောက်ဆုံးရာသီ ဖြစ်နိုင်ပြီး ထူးခြားသည့် အမွေအနှစ်များ ချန်ထားခဲ့ချင်ကြောင်း ပြောဆိုခဲ့သည်။၎င်း၏ ၂၅ နှစ်တာ ကစားသမားသက်တမ်းအတွင်း စွန့်လွှတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်ခဲ့ရသဖြင့် အနားယူပြီးပါက မိသားစုနှင့်အတူ ခရီးသွားရင်း အချိန်ပိုမိုပေးသွားမည်ဟု ဆိုသည်။ လက်ရှိတွင် ရော်နယ်ဒိုသည် ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန်အတွက် ၂၄ ဂိုးသာ လိုအပ်တော့ကြောင်း သိရသည်။

news-view-count-icon

5