မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်ကြီးတိုက်နယ်၊ တောင်ကြီးရပ်ကွက်တွင် ဩဂုတ် ၁၇ ရက် ညနေပိုင်းက ရေကြီးရေလျှံနေစဉ် သစ်ပင်အိုကြီးတစ်ပင် ပြိုလဲကျမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။အဆိုပါ သစ်ပင်လဲကျမှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိသော်လည်း သစ်ပင်အနီး ရှိနေသည့် အသက် ၅၄ နှစ်အရွယ် မိခင်နှင့် အသက် ၂၅ နှစ်အရွယ် သမီးဖြစ်သူတို့ သစ်ပင်ပိမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူ အမျိုးသမီး နှစ်ဦးကို လူမှုကူညီရေးအသင်းက အမရပူရဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်တို့၌ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ကျေးရွာအချို့ ရွှေ့ပြောင်းနေထိုင်နေကြရကြောင်း သိရသည်။
19 h ago • 1:46 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 5 | 0 | 0 | 0 |


