AFC Women’s Champions League 2026/27 ခြေစစ်ပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ မြန်မာနိုင်ငံ ကိုယ်စားပြု ဧရာဝတီအက်ဖ်စီ (Ayeyawady FC) အမျိုးသမီးအသင်းသည် ပြိုင်ဘက် FC Jurong အသင်းအား ၄ ဂိုး-ဂိုးမရှိဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်တွင် ဧရာဝတီအက်ဖ်စီအသင်းသည် အပြန်အလှန် ချိတ်ဆက်မှုကောင်းမွန်စွာဖြင့် တိုက်စစ်ဖွင့် ကစားနိုင်ခဲ့ပြီး ပထမပိုင်း ပွဲချိန် ၃၄ မိနစ်တွင် ပြည်ပကစားသမား ကျောနံပါတ် ၁၄ Yui Kasai က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သည်။ ထို့နောက် ဒုတိယပိုင်းတွင် လူစားဝင် ကစားသမားများဖြစ်သည့် တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းနှင့် လင်းမြင့်မိုရ်တို့က ထပ်မံ၍ ဂိုးများ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။အဆိုပါ ပြိုင်ပွဲ၏ ဒုတိယမြောက် ပွဲစဉ်အဖြစ် New Taipei City Hang Yuan FC နှင့် No Limits FC တို့သည် ဩဂုတ် ၁၇ ရက် ည ၇ နာရီတွင် ဆက်လက် ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပွဲစဉ်များကို Readers Channel နှင့် Pyone Play Sports YouTube Channel တို့မှ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။
AFC Women’s Champions League ခြေစစ်ပွဲတွင် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း ၄ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိ
18 h ago • 1:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


