ဧရာဝတီမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေများ ဆက်လက် မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်းနှင့် မအူပင်မြို့တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံ မြင့်တက်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။ ဧရာဝတီမြစ်ရေသည် ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၈ လက်မခန့် ထပ်မံ မြင့်တက်လာမည် ဖြစ်ရာ တာတမံများနှင့် မြေထိန်းနံရံများတွင် သဲအိတ်များ ကာရံ၍ အရေးပေါ် ဆောင်ရွက်နေရသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေ မြင့်တက်မှုများကြောင့် ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ် ၄၁ ခုတွင် ရေဘေးသင့် ပြည်သူ ၁ ဒသမ ၃ သန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။
17 h ago • 1:44 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 16 | 0 | 0 | 0 |


