ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပေါင်းလောင်းရေလှောင်တမံ၏ ရေမှတ်မှာ ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကန်ရေပြည့်အမှတ်ဖြစ်သော ၁၉၀ မီတာ (၆၂၃.၃၉ ပေ) သို့ ရောက်ရှိလာခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅) ၏ ထုတ်ပြန်ချက်အရ သိရသည်။ရေလှောင်တမံမှာ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိလာသော်လည်း ရေပိုမိုသိုလှောင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်နှင့် တမံအောက်ပိုင်း ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရန်အတွက် ရေပိုလွှဲတွင် HED ရေတံခါးရွက် ၂၀ ချပ်အား ထောင်ထားသဖြင့် ရေပိုလွှဲမှ ရေကျော်ခြင်း မရှိသေးပေ။ရှေ့ဆက်၍ ဝင်ရေအခြေအနေပေါ် မူတည်ပြီး ရေပိုလွှဲမှ ရေကျော်လွန်ပါက သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနက အသိပေးထားသည်။
နေပြည်တော်ရှိ ပေါင်းလောင်းရေလှောင်တမံ ကန်ရေပြည့်အမှတ်သို့ ရောက်ရှိလာသော်လည်း ရေပိုလွှဲမှ ရေကျော်ခြင်း မရှိသေး
16 h ago • 1:40 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 13 | 0 | 0 | 0 |


