ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်မြစ်ဝှမ်းတစ်လျှောက် တာတမံနိမ့်ကျကာ ရေကျော်စီးဝင်မှုကြောင့် ထိခိုက်ခဲ့သည့် လေးမျက်နှာမြို့နယ်နှင့် ငသိုင်းချောင်းဒေသရှိ ရေဘေးရှောင် မိသားစုများထံ MPT ဝန်ထမ်းများက ကိုယ်တိုင်သွားရောက်၍ အခြေခံစားသောက်ကုန်၊ အဝတ်အထည်၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း ဩဂုတ်လ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ လှူဒါန်းမှုဖြင့် ဩဂုတ်လ ၁၄ ရက်နှင့် ၁၅ ရက်အတွင်း ငသိုင်းချောင်းမြို့ရှိ ရေတံခွန်ဘုန်းတော်ကြီးကျောင်း စခန်းနှင့် လေးမျက်နှာမြို့နယ် ပြန်လည်ထူထောင်ရေးအဖွဲ့များမှတစ်ဆင့် အိမ်ထောင်စု ၃၀၀ ကျော်သို့ အရေးပေါ် အကူအညီများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
Aug 17 • 12:38 PM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 11 | 0 | 0 | 0 |


