ရန်ကုန်မြို့ရှိ လစာကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကျော်အထိ ရရှိကြသော ကုမ္ပဏီဝန်ထမ်းများသည် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုနှင့် မုန့်ဟင်းခါး၊ အသုတ်နှင့် အကြော်အလှော် အပါအဝင် ပြင်ပမုန့်ဈေးနှုန်းများ စေျးတက်လာမှုကြောင့် နံနက်စာကို အပြင်ဆိုင်များတွင် မစားနိုင်တော့ဘဲ အိမ်တွင်းဖြစ် ထမင်း၊ ပဲပြုတ်နှင့် ထမင်းဟင်းများကိုသာ အဓိက အားပြုစားသောက်နေကြရကြောင်း သိရသည်။ ထို့ပြင် ကော်ဖီ၊ လက်ဖက်ရည် သောက်သုံးမှုကိုလည်း ရုံးတွင် အထုပ်များ ဝယ်ယူကာ သောက်သုံးခြင်းဖြင့် ကုန်ကျစရိတ် ချွေတာနေကြရကြောင်း ဝန်ထမ်းများ၏ ပြောကြားချက်များအရ သိရသည်။
ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် ကုမ္ပဏီဝန်ထမ်းအများစု နံနက်စာကို အိမ်တွင်းဖြစ် ထမင်းဖြင့်သာ အားပြုနေရ
Aug 17 • 12:36 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 5 | 0 | 0 | 0 |


