၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လက်ဝှေ့အားကစားသမားများသည် ရန်ကုန်မြို့ သုဝဏ္ဏရှိ Myanmar Boxing Federation (မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်) ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိကြောင်း သိရသည်။ ပြိုင်ပွဲတွင် အကောင်းဆုံး ရလဒ်များ ရရှိနိုင်ရေးအတွက် အားကစားသမားများ၏ ကိုယ်ကာယ ကြံ့ခိုင်မှု၊ ထိုးသတ်မှု နည်းဗျူဟာများနှင့် လက်ဝှေ့ နည်းစနစ်ပိုင်းဆိုင်ရာများကို အဓိကထား၍ အပြင်းအထန် စုစည်းလေ့ကျင့် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလက်ဝှေ့ပြိုင်ပွဲအတွက် လက်ဝှေ့အားကစားသမားများ စခန်းသွင်းလေ့ကျင့်
Aug 17 • 12:33 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


