ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၇ ရက် မွန်းလွဲ ၁၂ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်မည့် အခြေအနေ မရှိသောကြောင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်များအရ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၃၄၀ ခန့်နှင့် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေကြောင်း သိရသည်။ ထို့ပြင် အဆိုပါ အခြေအနေကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့တွင် လှိုင်းကြီးပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် ဖြစ်ပေါ်နေပြီး အဝါရောင်အဆင့် သတ်မှတ်၊ ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတို့၌ လှိုင်းကြီးနိုင်
Aug 17 • 12:32 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


