ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၇ ကျောင်းအတွက် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၀၀ ကျော်နှင့် UID ကတ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအုပ်များထံ လက်ဝယ်အရောက် အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်ရှိ ကျောင်း ၇ ကျောင်းမှ ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID များ ထုတ်ပေး
Aug 17 • 12:27 PM
မြန်မာ
ကချင်
မျှဝေမည်
| 10 | 0 | 0 | 0 |


