ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုသည့် ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဩဂုတ်လ ၁၆ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့် ဘယ်လာရုစ် ပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဂုဏ်ပြုညစာ သုံးဆောင်ပြီးနောက် ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
Aug 17 • 12:25 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


