ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင် သွားကားလမ်း မိုင်တိုင်အမှတ် ၈/၃ ၌ ဩဂုတ်လ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အငှားကား (Taxi) တစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် အငှားကားပေါ်ပါ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းများကို ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Aug 17 • 12:24 PM
မြန်မာ
ပဲခူး
မျှဝေမည်
| 8 | 0 | 0 | 0 |


