ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တို့သို့ ရေပေးပို့နေသည့် ရေပေးဝေရေးစခန်းဇုန် (၇) ရှိ 66/6.6 kV, 4MVA ဓာတ်အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်း၌ ဩဂုတ်လ ၁၆ ရက် ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ချို့ယွင်းချက်ကြောင့် ရေဖြန့်ဖြူးပေးဝေရေး ပိုက်လိုင်းကွန်ရက်များအတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) က ဩဂုတ်လ ၁၆ ရက် ညပိုင်းတွင် အသိပေး ထုတ်ပြန်ခဲ့သည်။
လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေအားနည်းမှုများ ဖြစ်ပေါ်နိုင်
Aug 17 • 12:22 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 6 | 0 | 0 | 0 |


