ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်စဉ်နေရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း မီးသတ်ဦးစီးမှူးရုံးတို့မှ တပ်ဖွဲ့ဝင်များက ရေအောက် Geo bag များပေါ်တွင် သဲအိတ်ဖို့ခြင်း၊ Sheet pile များနောက်ဘက်၌ သဲအိတ်ဖြည့်ဖို့ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်သည့် ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ အလှူရှင်များနှင့် ဌာနဆိုင်ရာများ၏ သွားလာရေးကို ကူညီပေးခြင်းနှင့် ဒေသခံများ၏ ကျန်းမာရေး၊ လူမှုရေး ကူညီပို့ဆောင်ပေးခြင်း လုပ်ငန်းများကိုပါ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


