ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ်လ ၁၇ ရက်တွင် နှိုးဆော်ထားသည်။ မိုးဇလ၏ နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ရေများသည် မြို့ ၇ မြို့၌ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေခြင်းဖြစ်ပြီး ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့၌ ၃၃ စင်တီမီတာ၊ ဟင်္သာတမြို့၌ ၄၆ စင်တီမီတာနှင့် ဇလွန်မြို့၌ ၄၈ စင်တီမီတာအသီးသီး ကျော်လွန်နေကြောင်း သိရသည်။ ဆိပ်သာမြို့၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်သော်လည်း ဟင်္သာတနှင့် ဇလွန်မြို့တို့တွင်မူ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေနိုင်ကြောင်း သိရသည်။
မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ၍ မြို့ ၆ မြို့တွင် မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်
Aug 17 • 12:17 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


