back

မြန်မာ့အမျိုးသမီးဘောလုံး အနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများ ထောက်ပံ့

Aug 17 • 12:16 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့အမျိုးသမီးဘောလုံး အနာဂတ်အတွက် အမျိုးသမီးဘောလုံးအကယ်ဒမီမှ ကစားသမား ၅၁ ဦးအား ဝတ်စုံများ ထောက်ပံ့

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဖွင့်လှစ်ထားသည့် အမျိုးသမီး...

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဦးဆောင်မှုတို့ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဖွင့်လှစ်ထားသည့် အမျိုးသမီးဘောလုံးအကယ်ဒမီ (မန္တလေး) ကျောင်းမှ အမျိုးသမီးကစားသမား ၅၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် အားကစားဝတ်စုံများကို အမျိုးသမီးရေးရာဝန်ကြီးဌာနက ဩဂုတ်လ ၁၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကျောင်း၌ Grade-5 မှ Grade-9 အထိ ကျောင်းသူများကို ပညာသင်ကြားပေးလျက်ရှိပြီး လက်ရှိတွင် U-12/U-13 အဆင့်၌ အားကစားသမား ၂၅ ဦးနှင့် U-14/U-15 အဆင့်၌ ၂၆ ဦး၊ စုစုပေါင်း ၅၁ ဦးတို့အား ဘောလုံးအားကစား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

5