ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုများ အချိန်မီ ဆောင်ရွက်ပေးနိုင်ရန် ရေဘေးကယ်ဆယ်ရေးစခန်းများ၊ သက်ဆိုင်ရာ ဆေးရုံနှင့် ဆေးခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရထံမှ သိရသည်။ ရေကြီးချိန်၌ မြွေများသည် ရေလွတ်ရာ ကုန်းမြင့်များ၊ သစ်ပင်များနှင့် လူနေအိမ်များအတွင်း ဝင်ရောက်ပုန်းခိုတတ်သဖြင့် မြွေကိုက်ခံရမှု ဖြစ်ပွားပါက အချိန်မီ ကုသနိုင်ရေးအတွက် လိုအပ်သည့် ဆေးဝါးများနှင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြိုတင်စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများတွင် မြွေဆိပ်ဖြေဆေးများ အသင့်ထားရှိပြီး အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
Aug 17 • 12:11 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


