AFC Women's Champions League 2026/27 Preliminary Stage Group (F) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ ဂုဏ်ကိုဆောင်နိုင်ရန် အစွမ်းကုန် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း နည်းပြချုပ် Kumiko Tashiro က ဩဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏအားကစားကွင်း၌ ပြုလုပ်သည့် ပြိုင်ပွဲအကြို သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းက အသင်းတိုင်းသည် အနိုင်ရရှိရန် ပြင်ဆင်လာကြသဖြင့် လွယ်ကူသည့်ပွဲများ မဟုတ်သော်လည်း မိမိတို့အသင်းအနေဖြင့် အနိုင်ရရှိရေး အကောင်းဆုံး ပြင်ဆင်ထားသည်များကို ကွင်းအတွင်း အစွမ်းကုန် ပြသသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏ဂုဏ်ကို ဆောင်နိုင်ရန် အစွမ်းကုန်ယှဉ်ပြိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း နည်းပြချုပ် ပြောကြား
Aug 17 • 12:09 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


