back

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နှင့် အထက်ရှိသည့် ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခတ်ခဲ့

Aug 17 • 12:08 PM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပြင်းအား ၇.၀ နှင့် အထက်ရှိသည့် ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခတ်ခဲ့

ထိုင်းနိုင်ငံ၏ အမျိုးသားသုတေသနကောင်စီ (NRCT) နှင့် ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့၏ ဩဂုတ်လ ၁၅ ရက်နေ့အထိ စုစည်းထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံ...

ထိုင်းနိုင်ငံ၏ အမျိုးသားသုတေသနကောင်စီ (NRCT) နှင့် ထိုင်းငလျင်သုတေသနဗဟိုဌာန (EARTH) တို့၏ ဩဂုတ်လ ၁၅ ရက်နေ့အထိ စုစည်းထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံနှင့် ဒေသ ၉ ခု၌ ပြင်းအား ၇.၀ နှင့် အထက်ရှိသည့် ငလျင်ကြီး ၁၁ ကြိမ် လှုပ်ခတ်ခဲ့ပြီး အများစုမှာ ပစိဖိတ်စက်ဝန်းဒေသ တစ်လျှောက်၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုထုတ်ပြန်ချက်များအနက် ပြင်းအား ၇.၈ ရှိသည့် ဖိလစ်ပိုင် ငလျင်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးလှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဩဂုတ်လ ၁၅ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဖလိုရက်စ် (Flores) ကျွန်းအနီး၌ လှုပ်ခတ်ခဲ့သည့် ငလျင် ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်သည် ပြည်သူများ လိုအပ်သည်ထက် ပိုမို ထိတ်လန့်မှု မဖြစ်စေဘဲ ငလျင်အန္တရာယ်အတွက် စနစ်တကျ ကြိုတင်ပြင်ဆင်နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11