ရန်ကုန်တိုင်းဒေသကြီး MSME အေဂျင်စီ အဖွဲ့ဝင်များနှင့် သန်လျင်မြို့နယ်မှ MSME လုပ်ငန်းရှင်များသည် ဩဂုတ်လ ၁၄ ရက် မွန်းလွဲပိုင်းက သန်လျင်မြို့နယ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် SME ယာယီမှတ်ပုံတင်လက်မှတ်များကို One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 17 • 12:02 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 7 | 0 | 0 | 0 |


