ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (Aichi-Nagoya 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် နည်းပြချုပ် Colin Bell က ပဏာမ ကစားသမား ၃၃ ဦး စာရင်းကို ထုတ်ပြန်လိုက်ပြီး ကစားသမားများသည် ဩဂုတ် ၁၇ ရက်မှစ၍ ရန်ကုန်မြို့၌ စခန်းဝင် လေ့ကျင့်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု (F) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်အတူ ကျရောက်နေပြီး ပွဲစဉ်များကို အိုဆာကာမြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ဧရာဝတီ FC မှ ကစားသမားများနှင့် အငှားသွားရောက် ကစားနေသည့် ဝင်းသိင်္ဂီထွန်း အပါအဝင် ၅ ဦးတို့မှာ ဩဂုတ် ၂၄ ရက်မှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်ကာ နန်းဖြူဖွေးနှင့် ခင်မိုမိုထွန်းတို့မှာမူ ဒဏ်ရာကြောင့် ပဏာမလူစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
Aug 17 • 12:00 PM
မြန်မာ
ပြည်ပ
မျှဝေမည်
| 7 | 0 | 0 | 0 |


